ASUS Zenfone 5 တွေထဲက T00K တစ်မျိုးကတော့ ဘယ်လိုမှ Root ဖေါက်လို့မရခဲ့ပါဘူး
ကျန်တဲ့ ASUS Zenfone 5 , 4.4.2 Model တွေ အားလုံး အဆင်ပြေပါတယ်... T00K တစ်မျိုးပဲ Root မပေါက်ပဲ ဖြစ်နေတာပါ... တရုတ် နှစ်သစ်ကူး ပိတ်ရက်တုန်းက လာလိုက်တဲ့ Zenfone 5 တွေ T00K တွေချည်းပဲ ...တစ်လုံးမှ အဆင်မပြေလိုက်ဘူး...ဒီ Model ပါ...
ကဲ..... အခုတော့ FB က Bro Myint Aung ရဲ့ ကူညီမှုကြောင့်အဆင်ပြေသွားပါပြီ... :)
Root ဖေါက်နည်းကတော့ အရင်ဆုံး Driver ရှိရပါမယ်...
မရှိရင် အောက်မှာ Driver တွေဒေါင်းပြီး Install လုပ်ထားပါ...။
- ADB Driver Download
- Intel USB Driver (Download)
- PC Link <optional> (Download)
- Root Tools (Download)
ပြီးရင် ဖုန်းမှ USB Debugging ကို ON ထားပေးပါ...
ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက် Zenfone-launcher ဆိုတဲ့ Bat ဖိုင်လ် ကို RUN ပါ...
နံပါတ် (2) ကို နှိပ်ပြီး Enter ခေါက်ပါ..
နောက်တစ်ခါ နံပါတ် (2) ကို နှိပ်ပြီး Enter ခေါက်ပါ...
ဖုန်းပြန်တတ်လာလို့ SuperUser မပေါ်သေးဘူးဆိုရင်တော့
နံပါတ် (4) ကို နှိပ်ပြီး Enter ခေါက်ပေးလိုက်ပါ...
( နံပါတ် (4) ကို နှိပ်ပြီး Enter ခေါက်တာက အသေချာဆုံးပါ )
အောက်ကပုံအတိုင်း Superuser လေးပေါ်လာရင်တော့ Root ဖေါက်တာ အောင်မြင်သွားပါပြီ...
မြန်မာစာ အတွက်ကတော့ ညီလေး Phyo Chan ရဲ့ MM Aio Font Changer နဲ့ အလွယ်တကူ ထည့်သွင်းပေးနိုင်ပါတယ်..
အဆင်ပြေကြပါစေ....
Download
Ref: http://www.asus-zenfone.com
Root Tool Zip ဖိုင်လ်ဖြည်လို့ Password တောင်းခဲ့ရင် Password က www.asus-zenfone.com ပါ.....
0 comments:
Publicar un comentario